ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအား အကူအညီပေးခြင်း
ခြုံငုံသုံးသပ်ချက်
ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအား အကူအညီပေးခြင်း (Pandemic Unemployment Assistance, PUA) သည် 2020 ပြည့်နှစ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အထောက်အကူပြုရေး၊ ကယ်ဆယ်ရေးနှင့် စီးပွားရေးလုံခြုံမှု အက်ဥပဒေ (CARES) အောက်တွင် ရှိသော အစီအစဉ်တစ်ရပ် ဖြစ်ပြီး COVID-19 ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်လာသူများနှင့် နစ်နာကြေးတောင်းဆိုရန် အရည်အချင်းပြည့်မီသော လုံလောက်သည့် အလုပ်လုပ်ဖူးကြောင်း မှတ်တမ်း မရှိသော ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများကိုလည်းကောင်း သို့မဟုတ် အလုပ်လက်မဲ့အာမခံ အကျိုးခံစားခွင့်များ ကုန်ဆုံးသွားသူများ စသည်ဖြင့် အရည်အချင်းပြည့်မီသူတိုင်းအတွက် ယာယီဝင်ငွေ ပံ့ပိုးပေးသည့် အစီအစဉ် ဖြစ်ပါသည်။ ၎င်းကို ဖက်ဒရယ်အစိုးရက ငွေကြေးထောက်ပံ့ခြင်းဖြစ်ပြီး အလုပ်ရှင်များက ပေးထားသော ပြည်နယ်၏ အလုပ်လက်မဲ့ အခွန်များမဟုတ်ပါ။
ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအား အကူအညီပေးခြင်း (PUA)-
- ပေးငွေ ပမာဏ-
- လူတစ်ဦးချင်းစီအတွက် အနည်းဆုံးပေးမည့်ငွေမှာ
- တစ်ပတ်လျှင် $203 ဖြစ်ပါသည်
- အများဆုံး ပေးမည့် ပမာဏမှာ
- မှီခိုသူမရှိသူများအတွက် ရက်သတ္တတစ်ပတ်လျှင် $481
- မှီခိုသူ လေးဦးရှိသူအတွက် ရက်သတ္တတစ်ပတ်လျှင် $591
- လူတစ်ဦးချင်းစီအတွက် အနည်းဆုံးပေးမည့်ငွေမှာ
- စုစုပေါင်း အကျိုးခံစားခွင့် 39 ပတ်အထိ ထောက်ပံ့သွားမည် ဖြစ်ပါသည်
- ပထမဆုံး ငွေထုတ်ပေးမည့် ရက်သတ္တပတ်- မည်သည့်အချိန်က နောက်ကျသည်ဖြစ်စေ နောက်ကြောင်းပြန်၍ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သော 2020 ပြည့်နှစ် ဖေဖော်ဝါရီလ 2 ရက်နေ့ သို့မဟုတ် COVID-19 ကြောင့် အလုပ်မှ ထွက်လိုက်ရသည့် ပထမပတ်။
- နောက်ဆုံး ငွေထုတ်ပေးမည့် ရက်သတ္တပတ်- ဒီဇင်ဘာ 26, 2020 ခုနှစ်၏ နောက်ဆုံးပတ်
- အကျိုးခံစားခွင့်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြထားသည့် ဝင်ငွေ ခံစားခွင့်ရှိသော အခြေအနေ ရှိရမည် သို့မဟုတ် ပြီးခဲ့သည့် 18 လအတွင်း အလုပ်လုပ်ခဲ့ဖူးကြောင်း မှတ်တမ်း ရှိရမည်။ ဤသတ်မှတ်ချက်တွင် အလုပ်စတင်လုပ်ရန် စီစဉ်ထားသော်လည်း COVID-19 ကြောင့် အလုပ်မလုပ်နိုင်သူများနှင့် ၎င်းတို့၏ တောင်းဆိုမှုချက်အပေါ်ခွဲခြားသော ပြဿနာများကြောင့် လတ်တလောတွင် အရည်အချင်းမပြည့်မီသည့် တောင်းဆိုသူများ ပါဝင်သည်။
လိမ်လည် အယောင်ဆောင်မှု သတိပေးချက်!
- အကယ်၍ သင်သည် သိလျက်နှင့် မှားယွင်းသော ဖော်ပြချက်ကို ပြုလုပ်ခြင်း သို့မဟုတ် အခြားသူတစ်ဦးအား ပြုလုပ်စေခြင်း သို့မဟုတ် အချက်အလက်အမှန်ကို သိလျက်နှင့် ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခြင်း သို့မဟုတ် အခြားသူတစ်ဦးအား ပျက်ကွက်စေခြင်းနှင့် ထိုအတွက်ကြောင့် သင့်အနေဖြင့် အရည်အချင်းပြည့်မီမှုမရှိဘဲ ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအား အကူအညီပေးခြင်းကိုရယူပါက အမေရိကန်ပြည်ထောင်စု ဥပဒေ 19 ပုဒ်မ 1001 ၏ခေါင်းစဉ် 18 အရ တရားစွဲဆိုခြင်းခံရမည်။
- အကြောင်းပြချက်ကောင်း မရှိဘဲ UI အကျိုးခံစားခွင့်များရရှိရန် သက်သက်ဖြင့် အလုပ်မှထွက်ခြင်းသည် PUA အရ လိမ်လည်မှုဖြစ်သည်။
- အကယ်၍ သင်သည် COVID-19 နှင့် မသက်ဆိုင်သည့်အပြင် အကြောင်းပြချက်ကောင်း မရှိဘဲ အလုပ်မှထွက်သွားလျှင်၊ အကျင့်ပျက်မှုကြောင့် အလုပ်မှရပ်စဲခြင်း ခံရလျှင် သို့မဟုတ် အလုပ်ရှိသော်လည်း အလုပ်လုပ်ရန်ငြင်းဆန်လျှင် သင်သည် လက်ရှိ ရရှိနိုင်သော ပြည်နယ် သို့မဟုတ် ဖက်ဒရယ်အစီအစဉ်များမှ အကျိုးခံစားခွင့်များ ရရှိမည် မဟုတ်ပါ။ ဆိုလိုသည်မှာ ပြည်နယ် သို့မဟုတ် ဖက်ဒရယ် အလုပ်လက်မဲ့ ခံစားခွင့်များကို ရရှိရန်အတွက် သင်သည် COVID-19 နှင့်မသက်ဆိုင်သော အလုပ်မှထွက်ရမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမျှ မပြုလုပ်ရပါ။
- အလုပ်လက်မဲ့အာမခံကို အပတ်စဉ်ဆက်လက်တောင်းခံရန်အတွက် သတ်မှတ်ထားသော ရက်သတ္တပတ်အတွင်း ဝင်ငွေရရှိမှု အစီရင်ခံစာအား ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာတင်ပြခြင်းသည် လိမ်လည်မှုမြောက်သည့်အပြင် အကျိုးခံစားခွင့်များအတွက် အရည်အချင်း မပြည့်မီတော့ခြင်း၊ အကျိုးခံစားခွင့်များ ပိုလျှံ ပေးအပ်မိသည်ဟု ယူဆခံရခြင်းနှင့်အတူ နောက်ထပ်အခြား ဒဏ်ငွေပြစ်ဒဏ်များနှင့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုကို ခံရနိုင်သည်။
တောင်းဆိုသူများအတွက် အခြား အရေးကြီးသော အချက်အလက်များ
- ကလေးထောက်ပံ့မှုတာဝန်များကို PUA ငွေပေးချေမှုထဲမှ ပုံမှန် အလုပ်လက်မဲ့အာမခံ အကျိုးခံစားခွင့်များ နည်းတူ နုတ်ယူရမည်။
- PUA ငွေပေးချေမှုများအတွက် အခွန်ဆောင်ရမည်။ ဤငွေပေးချေမှုများကို သင်၏ 2020 အခွန်ထမ်းနှစ်အတွက် ရရှိသော 1099G တွင် ထည့်သွင်းမည်ဖြစ်သည်။ အကယ်၍ သင်၏အလုပ်လက်မဲ့အာမခံ အကျိုးခံစားခွင့်များထဲမှ အခွန်ကို ရယူထားရန် သင် ဆုံးဖြတ်ထားပါက PUA ငွေပေးချေမှုထဲမှ အခွန်ကို နုတ်ယူပါမည်။
အလုပ်ရှင်များအတွက် အချက်အလက်များ
- PUA လက်ခံရရှိသည့် ဝန်ထမ်းများအား ပေးအပ်သော အကျိုးခံစားခွင့်များအတွက် အလုပ်ရှင်များဘက်က ပေးဆောင်ရမည် မဟုတ်ပါ။
- အကယ်၍ သင့်အနေဖြင့် ကူးစက်ရောဂါပြီးဆုံးချိန်တွင် ဝန်ထမ်းများအား အလုပ်ကမ်းလှမ်းသော်လည်း သင်၏ ဝန်ထမ်းက အလုပ်ပြန်ဆင်းရန် ငြင်းဆန်ပါက အိုင်အိုဝါပြည်နယ် အလုပ်သမားအင်အားဖွံ့ဖြိုးမှုအဖွဲ့သို့ -https://www.iowaworkforcedevelopment.gov/job-offer-decline-form-employers မှတစ်ဆင့် အကြောင်းကြားရမည်။
- အလုပ်ရှင်များအနေဖြင့် သုံးလတစ်ကြိမ် အလုပ်လက်မဲ့အာမခံ အခွန်များကို အချိန်မီ ဧကန်စစ်စစ် ဖြည့်သွင်းနေကြောင်း သေချာအောင် ပြုလုပ်ရမည်။ သို့မှသာ ၎င်းတို့၏ အလုပ်သမားများက အကျိုးခံစားခွင့်များကို အမြန်ဆုံး ရရှိနိုင်မည်ဖြစ်သည်။
- COVID-19 မှလွဲ၍ အခြား အကြောင်းပြချက်ကြောင့် အလုပ်မလုပ်သူ တစ်စုံတစ်ဦးအတွက် နစ်နာကြေး တောင်းဆိုလာပါက အလုပ်ရှင်များသည် နစ်နာကြေး တောင်းဆိုမှု နို့တစ်စာ (65-5317) သို့မဟုတ် SIDES အသိပေးချက်များ အားလုံးကို ပြန်ကြားပေးရမည်။
- အလုပ်ရှင်များသည် လစာဖြင့် ဖျားနာခွင့် သို့မဟုတ် လစာဖြင့် အခြားခွင့်ခံစားမှုများကို အစီရင်ခံရန် နစ်နာကြေး တောင်းဆိုမှု နို့တစ်စာ (65-5317) သို့မဟုတ် SIDES အကြောင်းကြားစာကို ပြန်ကြားပေးရမည်။
COVID-19 ကြောင့် ထိခိုက်သော ဝန်ထမ်းများ/ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် အချက်အလက်များ
- အကယ်၍ သင်သည် COVID-19 ကြောင့် အလုပ်မလုပ်နိုင်ပါက အလုပ်လက်မဲ့အာမခံ နစ်နာကြေး တစ်မျိုးမျိုး ရရှိရန် အလုပ်လက်မဲ့အာမခံ တောင်းဆိုမှုလျှောက်လွှာကို အွန်လိုင်းမှ တင်ရမည်။
- ပုံမှန် အလုပ်လက်မဲ့အာမခံကြေး တောင်းဆိုရာတွင် အရည်အချင်းပြည့်မီရန်အတွက် အိုင်အိုဝါပြည်နယ်တွင် သင်၏ လုပ်ခလစာကို အစီရင်ခံထားခြင်း ရှိမရှိ ဆုံးဖြတ်ရန် သင့်တောင်းဆိုချက်ကို ပြန်လည်သုံးသပ်ပါမည်။ သင်သည် ပုံမှန်အလုပ်လက်မဲ့ နစ်နာကြေးကို ရထိုက်လျှင် အစိမ်းရောင်စာရွက်ဖြင့် ရေးသားထားသော ချောစာ တစ်စောင်ကို လက်ခံရရှိပါလိမ့်မည်။ သင်၏ဝင်ငွေအထောက်အထားကို တင်ပြပြီးနောက်တွင် ထိုစာကို သင်ရရှိနိုင်ပါသည်။ ဤသို့ စာပို့ခြင်းမှာ သင့်အား မှန်ကန်သော အလုပ်လက်မဲ့ အာမခံအစီအစဉ်အတိုင်း အကျိုးခံစားခွင့်များ ပေးနိုင်စေရန် သေချာအောင် ဆောင်ရွက်သော လုပ်ငန်းစဉ်၏ အဆင့်တစ်ခုဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ဝင်ငွေအထောက်အထားကို တင်ပြပြီးပါက သီးခြားထပ်မံဆောင်ရွက်ရန် မလိုပါ။ နောက်ထပ် သတင်းအချက်အလက်များ ရရှိပါက သင့်ကိုဆက်သွယ်ပါလိမ့်မည်။
- အကယ်၍ သင်သည် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ပုံမှန် UI အကျိုးခံစားခွင့်များကို ငြင်းပယ်ပါက PUA အတွက် သင်၏အရည်အချင်းပြည့်မီမှုကို ဆုံးဖြတ်ရန် အိုင်အိုဝါပြည်နယ် လုပ်သားအင်အားဖွံ့ဖြိုးမှုအဖွဲ့ (IWD) ထံ ဝင်ငွေအထောက်အထားကို အွန်လိုင်းမှ တင်ပြရန်လိုအပ်လိမ့်မည်။ လက်ခံနိုင်သော အထောက်အထားပုံစံများကို ဤစာမျက်နှာ အောက်ပိုင်းရှိ “What Do I Need to Provide.” ဟု ခေါင်းစဉ်တပ်ထားသော အပိုင်း၌ ဖော်ပြထားသည်။ ဝင်ငွေအထောက်အထားကို အွန်လိုင်းတွင် တင်ပြရန်လင့်ခ်မှာ- www.iowaworkforcedevelopment.gov/pua-application ဖြစ်သည်။
- သင်၏အပတ်စဉ် အကျိုးခံစားခွင့် ပမာဏနှင့် PUA အမြင့်ဆုံး အကျိုးခံစားခွင့်ပမာဏသည် IWD သို့ သင်ပေးပို့သော စာရွက်စာတမ်းများပေါ်ရှိ ဝင်ငွေပေါ်မူတည်သည်။
- သင့်ထံတွင် PUA လက်ကျန် ရှိနေစေကာမူ သင်၏ နစ်နာကြေးတောင်းဆိုမှု သက်တမ်းကုန်ဆုံးသွားလျှင် နစ်နာကြေး တောင်းဆိုချက်အသစ်တစ်ခုကို တင်ရန်လိုအပ်လိမ့်မည် ဖြစ်သည်။
တစ်ဦးချင်း အရည်အချင်းပြည့်မီမှု
ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအတွက် အကူအညီ ခံစားခွင့်များကို ရသင့်ရထိုက်စေရန်အတွက် တစ်ဦးချင်းအနေဖြင့်-
- အလုပ်လက်မဲ့အာမခံ (UI)၊ ဖက်ဒရယ် ဝန်ထမ်းများအတွက် အလုပ်လက်မဲ့လျော်ကြေး (UCFE)၊ လက်နက်ကိုင် ဝန်ထမ်းဟောင်းများအတွက် အလုပ်လက်မဲ့လျော်ကြေး (UCX)၊ ကူးစက်ရောဂါ အရေးပေါ် အလုပ်လက်မဲ့လျော်ကြေး (PEUC)၊ တိုးချဲ့ အကျိုးခံစားခွင့်များ (EB) နှင့် ကာလတိုလျော်ကြေး/စေတနာ့ဝန်ထမ်း မျှဝေသောအလုပ် (STC/VSW) များအပါအဝင် အခြား မည်သည့် အလုပ်လက်မဲ့ အာမခံအတွက်မျှ မည်သည့်ပုံစံဖြင့်မဆို အရည်အချင်း ပြည့်မီနေခြင်း မရှိရပါ၊ သို့မဟုတ်
- အထက်တွင်ဖော်ပြထားသော အခြား အလုပ်လက်မဲ့အာမခံ နည်းလမ်းများအတွက် ခံစားခွင့် ကုန်ဆုံးပြီး ဖြစ်ရမည် (အကယ်၍ သက်ဆိုင်လျှင်)၊ သို့မဟုတ်
- ကိုယ်ပိုင်အလုပ်ရှိပြီး အထက်တွင်ဖော်ပြထားသော အလုပ်လက်မဲ့အာမခံပုံစံများအနက် မည်သည့် တစ်မျိုးအတွက်မဆို အရည်အချင်းမပြည့်မမီသူ ဖြစ်ရမည်၊ သို့မဟုတ်
- အလုပ်ရှင် တစ်ဦးထံတွင် အလုပ်စတင်ရန် စီစဉ်ထားပြီး အထက်တွင်ဖော်ပြထားသော အလုပ်လက်မဲ့အာမခံပုံစံများအနက်မှ တစ်မျိုးအတွက် အရည်အချင်းမပြည့်မီသူ ဖြစ်ရမည်၊ သို့မဟုတ်
- ကိုယ်ပိုင်အလုပ် စတင်ရန် စီစဉ်ထားပြီး အထက်တွင် ဖော်ပြထားသော အလုပ်လက်မဲ့အာမခံ ပုံစံများအနက်မှ တစ်မျိုးအတွက်အရည်အချင်းမပြည့်မီသူ ဖြစ်ရမည်၊ ၎င်းအပြင်
- အခြားပြည်နယ် သို့မဟုတ် အမေရိကန် ပြည်ထောင်စုအတွင်းတွင် အလုပ်လက်မဲ့အာမခံ ခံစားခွင့် လျော်ကြေး ရရှိအတွက် အရည်အချင်းပြည့်မီခြင်း မရှိရ၊ ၎င်းအပြင်
- အောက်တွင်ဖော်ပြထားသည့် သတ်မှတ်ထားသော COVID-19 အကြောင်းရင်းများအနက်မှ တစ်ခုခုကြောင့် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ အလုပ်လက်မဲ့ဖြစ်ခြင်း ဖြစ်ရမည်
သတ်မှတ် COVID-19 အကြောင်းပြချက်များ-
PUA အတွက် အရည်အချင်းပြည့်မီရန် ပုဂ္ဂိုလ်တစ်ဦးသည် အောက်ဖော်ပြပါ COVID-19 နှင့် သက်ဆိုင်သည့် အကြောင်းရင်းတစ်ခုကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်း၊ တစ်စိတ်တစ်ဒေသ အလုပ်လက်မဲ့ဖြစ်ခြင်း သို့မဟုတ် အလုပ်မလုပ်နိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ရန် မဖြစ်နိုင်ခြင်း ဖြစ်ရမည်-
- ထိုပုဂ္ဂိုလ်တွင် COVID-19 ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခြင်း သို့မဟုတ် COVID-19 ၏လက္ခဏာများကို တွေ့ကြုံခံစားနေရပြီး ဆေးစစ်နေရခြင်း၊
- ပုဂ္ဂိုလ်တစ်ဦး၏ အိမ်ထောင်စုဝင်တွင် COVID-19 ရောဂါရှိကြောင်းတွေ့ရှိထားခြင်း၊
- ပုဂ္ဂိုလ်တစ်ဦးသည် COVID-19 ရောဂါရှိသူ မိသားစုဝင်တစ်ဦး သို့မဟုတ် ၎င်း၏ အိမ်ထောင်စုဝင်တစ်ဦးကို စောင့်ရှောက်ပေးနေရခြင်း၊
- ထိုပုဂ္ဂိုလ်အနေဖြင့် ဦးစားပေးစောင့်ရှောက်ရန် တာဝန်ရှိသော အိမ်ထောင်စုအတွင်းရှိ ကလေးငယ်တစ်ဦးသည် COVID-19 ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ၏ တိုက်ရိုက် အကျိုးဆက်ကြောင့် ကျောင်း သို့မဟုတ် အခြား ကလေးထိန်းကျောင်း ပိတ်ထား၍ ကျောင်းမတက်နိုင်ခြင်းနှင့် ထိုပုဂ္ဂိုလ်အလုပ်လုပ်နိုင်ရန်အတွက် ကလေးငယ်သည် ကျောင်း သို့မဟုတ် ကလေးထိန်းကျောင်း၏ ထိန်းသိမ်းစောင့်ရှောက်မှု ရရှိရန် လိုအပ်ခြင်း၊
- COVID-19 ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ၏ တိုက်ရိုက် အကျိုးဆက်အဖြစ် စောင့်ကြည့်ခံရန် သတ်မှတ်ထားသောကြောင့် ထိုပုဂ္ဂိုလ်သည် ၎င်းတို့၏ အလုပ်ခွင်သို့ မရောက်ရှိနိုင်ခြင်း၊
- COVID-19 နှင့်သက်ဆိုင်သည့် စိုးရိမ်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်သူက မိမိကိုယ်ကို စောင့်ကြည့်ရန် အကြံပေးသည့်အတွက် ထိုပုဂ္ဂိုလ်သည် ၎င်းတို့၏အလုပ်ခွင်သို့ မရောက်ရှိနိုင်ခြင်း၊
- COVID-19 ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ထိုပုဂ္ဂိုလ်သည် အလုပ်စတင်ရန်စီစဉ်ထားပြီးမှ အလုပ်မရရှိခြင်း သို့မဟုတ် အလုပ်သို့မရောက်ရှိနိုင်ခြင်း၊
- COVID-19 ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် အိမ်ထောင်ဦးစီး သေဆုံးသွားသည့်အတွက် ထိုပုဂ္ဂိုလ်သည် တစ်အိမ်သားလုံးကို လုပ်ကိုင်ကျွေးမွေးရသူ သို့မဟုတ် အိမ်ထောင်စုတစ်ခုအတွက် အဓိကထောက်ပံ့သူ ဖြစ်လာခြင်း၊
- ထိုပုဂ္ဂိုလ်သည် COVID-19 ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် အလုပ်မှ နုတ်ထွက်ရခြင်း၊ သို့မဟုတ်
- COVID-19 ပြည်သူ့ကျန်းမာရေး အရေးပေါ်၏တိ ုက်ရိုက် အကျိုးဆက်အဖြစ် ထိုပုဂ္ဂိုလ် အလုပ်လုပ်သည့်နေရာကို ပိတ်ထားရခြင်း။
ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအတွက် အကူအညီ မရနိုင်သောသူများတွင် ပါဝင်သူများ-
- လစာဖြင့် အဝေးမှလှမ်း၍ အလုပ်လုပ်နိုင်ပြီး တူညီသော အလုပ်ချိန်အတိုင်း ဆက်လက်အလုပ်လုပ်နေနိုင်၍ တူညီသော လစာအတိုင်း ရရှိနေသူများ။
- လစာအပြည့်ဖြင့် ဖျားနာခွင့် သို့မဟုတ် အခြား လစာခံစားရသော ခွင့်များကို ရရှိနေပြီး ၎င်းတို့ရရှိသော အကျိုးခံစားခွင့်များသည် ၎င်းတို့၏ အပတ်စဉ် PAU ပမာဏထက် ကျော်လွန်နေသူများ။
- [အလုပ်လက်မဲ့အာမခံ (UI)၊ ဖက်ဒရယ် ဝန်ထမ်းများအတွက် အလုပ်လက်မဲ့လျော်ကြေး (UCFE)၊ လက်နက်ကိုင် ဝန်ထမ်းဟောင်းများအတွက် အလုပ်လက်မဲ့လျော်ကြေး (UCX)၊ ကူးစက်ရောဂါ အရေးပေါ် အလုပ်လက်မဲ့လျော်ကြေး (PEUC)၊ တိုးချဲ့ အကျိုးခံစားခွင့်များ (EB) နှင့် ကာလတိုလျော်ကြေး/စေတနာ့ဝန်ထမ်း မျှဝေသောအလုပ် (STC/VSW) များအပါအဝင်] ပြည်နယ် သို့မဟုတ် ဖက်ဒရယ်၏ အလုပ်လက်မဲ့အစီအစဉ်အရ ရထိုက်သူများ၊ သဘာဝဘေးအန္တရာယ် အလုပ်လက်မဲ့အကူအညီ (DUA) နှင့် သင်တန်းတိုးချဲ့ခြင်း အကျိုးခံစားခွင့်များ (TEB) ကို ရထိုက်သူများ။
ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအတွက် အကူအညီ (PUA) ကို မည်သို့ လျှောက်ထားရမည်နည်း
သတိပြုရန်- ချက်ချင်း အကျိုးသက်ရောက်မှုရှိမည် ဖြစ်သောကြောင့် သင့်အနေဖြင့် ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်မှုအတွက် အကူအညီ (PUA) ကို ရရှိရန် ဝင်ငွေအထောက်အထားကို ဤဝက်ဘ်ဆိုဒ်မှတစ်ဆင့် တင်ပြနိုင်သည်။ PUA သည် COVID-19 ကူးစက်ရောဂါ၏ အကျိုးဆက်ကြောင့် အလုပ်မလုပ်နိုင်သော၊ ပြည်နယ် အလုပ်လက်မဲ့အာမခံ အကျိုးခံစားခွင့်များအတွက် အရည်အချင်းမပြည့်မီသော အလုပ်သမားများအတွက် ဖက်ဒရယ်က စီစဉ်ပေးသည့် အကျိုးခံစားခွင့်ဖြစ်သည်။ PAU တွင် အကျုံးဝင်သော အလုပ်အကိုင် အမျိုးအစားများကို အောက်တွင် ဖော်ပြထားသည်-
- ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ
- အလွတ်တန်း ကန်ထရိုက်တာများ
- ပရဟိတ ဝန်ထမ်းများ
- ဖျော်ဖြေရေး လုပ်သားများ
- အိုင်အိုဝါပြည်နယ် နစ်နာကြေးအတွက် အရည်အချင်းပြည့်မီရန် အလုပ်လုပ်ကိုင်မှု မှတ်တမ်း အလုံအလောက်မရှိသော အချိန်ပိုင်းလုပ်သားများ
PUA အတွက် အရည်အချင်းပြည့်မီရန် သင့်ဝင်ငွေအထောက်အထားကို တင်ပြရန်လိုအပ်သည်။ ဝင်ငွေအထောက်အထားကို ဤဝက်ဘ်ဆိုက်မှ တစ်ဆင့် ပေးပို့နိုင်သည်။ ကျေးဇူးပြု၍ အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ-
အဆင့် 1- အလုပ်လက်မဲ့ အကျိုးခံစားခွင့်အတွက် လျှောက်ထားခြင်း
- အကယ်၍ သင့်အနေဖြင့် မလျှောက်ရသေးလျှင် အလုပ်လက်မဲ့အာမခံ တောင်းဆိုမှု လျှောက်လွှာကို- https://www.iowaworkforcedevelopment.gov/file-claim-unemployment-insurance-benefits တွင် တင်ပါ။
- “Apply Online Now” ကိုနှိပ်ပါ။
- အိုင်အိုဝါပြည်နယ် လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (IWD) က သင်သည် ပြည်နယ် အလုပ်လက်မဲ့အတွက် နစ်နာကြေး တောင်းဆိုရန် အရည်အချင်းပြည့်မီမှု ရှိ/မရှိ ဆုံးဖြတ်လိမ့်မည်။
အဆင့် 2- ဝင်ငွေ အထောက်အထား တင်သွင်းခြင်း
- သင့်အနေဖြင့် အလုပ်လက်မဲ့အာမခံ လျှောက်လွှာကို ဖြည့်သွင်းပြီးနောက်“ Submit Proof Here” ကို နှိပ်၍ သင်၏ဝင်ငွေအထောက်အထားကို အောက်တွင် ပေးပို့ပါ။
- အွန်လိုင်းပုံစံပါ မေးခွန်းများကို ဖြေဆိုပါ။
- သင်၏ဝင်ငွေအထောက်အထား စာရွက်စာတမ်း(များ)ကို ပေးပို့ပါ သင်၏လုပ်အားခ မှတ်တမ်းကို သက်သေပြရန်လိုသည်။ သက်သေပြနိုင်ရန် အောက်ပါ မည်သည့်စာရွက်စာတမ်းများကို မဆို ပူးတွဲပေးပို့နိုင်ပါသည်-
- 2019 1099 အထွေထွေ ဝင်ငွေသာ
- 2019 W-2
- 2019 လစာ ဖြတ်ပိုင်း
- 2020 လစာ ဖြတ်ပိုင်း
- Form 1040 - U.S. တစ်ဦးချင်း ဝင်ငွေခွန်
- ထပ်ဆောင်း ရွေးချယ်စရာများကို ဖောင်ပေးပို့သည့် စာမျက်နှာ၏ အောက်ဘက်တွင် ဖော်ပြထားပါသည်။
စာရွက်စာတမ်းများ တင်ပြပြီးနောက် သင်၏ပေးပို့မှုကို လက်ခံရရှိကြောင်း အီးမေးလ်အကြောင်းကြားစာကို သင်လက်ခံရရှိလိမ့်မည်
အဆင့် 3- နောက် အဆင့်များ
- IWD အနေဖြင့် သင်၏ ဝင်ငွေအထောက်အထားကို ပြန်လည်သုံးသပ်ပြီးနောက် အဆုံးအဖြတ်ပေးသော စာတစ်စောင်ကို သင့်အား ထုတ်ပြန်ပေးပါမည်။ အပိုဆောင်း သတင်းအချက် အလက်များ လိုအပ်ပါက သင့်ကို ဆက်သွယ်ပါလိမ့်မည်။
- စက္ကူအစိမ်းပေါ်တွင် ရေးသားထားသော စာတစ်စောင်ကို သင်လက်ခံရရှိပါလိမ့်မည်။ ကျေးဇူးပြု၍ ဤနို့တစ်စာကို လျစ်လျူရှုပါ။ ဤစာသည် ကိုယ်ပိုင်လုပ်ငန်း (PUA) နှင့်ဆိုင်သော နစ်နာကြေး တောင်းဆိုချက်များနှင့် မသက်ဆိုင်ပါ။ ဤနို့တစ်စာသည် စနစ်က ထုတ်ပေးသည့် စာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းနှင့်ဆိုင်သော တောင်းဆိုချက်များနှင့် မသက်ဆိုင်ပါ။ အကယ်၍ သင်သည် ဝင်ငွေအထောက်အထားကို တင်ပြပြီးပါက နို့တစ်စာကို လက်ခံရရှိပြီးနောက် နောက်ထပ် သီးခြားဆောင်ရွက်ရန် မလိုအပ်ပါ။ အကယ်၍ သင်သည် စာရွက်စာတမ်းများကို အပြည့်အစုံ မပေးခဲ့ပါက နောက်ထပ်လိုအပ်သော အချက်အလက်များရှိလျှင် သင့်ကို ဆက်သွယ်ပါလိမ့်မည်။ သင့်အနေဖြင့် အသိပေးချက်ကို လက်ခံရရှိပြီးနောက် ကျွန်ုပ်တို့က သင့်ထံတိုက်ရိုက် ဆက်သွယ်ခြင်း မရှိလျှင် သင့်ဘက်က နောက်ထပ် မည်သည်ကိုမျှ ဆောင်ရွက်ရန် မလိုပါ။
- သင်၏ အပတ်စဉ် နစ်နာကြေး တောင်းဆိုမှုကို ဆက်လက် လျှောက်ထားရမည်။ သင်၏ ဝင်ငွေအထောက်အထားကို ပြန်လည်သုံးသပ်အတည်ပြုပြီးပါက သင်တင်ပြပြီးသည့် နောက်ပိုင်း ရက်သတ္တပတ် အားလုံးအတွက် သင့်ကို ငွေပေးချေပါလိမ့်မည်။
ဤနေရာတွင် အထောက်အထား ပေးပို့ရန်
ကိုယ်ပိုင်လုပ်ငန်းများ၊ အလွတ်တန်း ကန်ထရိုက်တာများ၊ ဖျော်ဖြေရေး လုပ်သားများ၊ ပရဟိတ ဝန်ထမ်းများ၊ လခစား မဟုတ်သူများ စသည်တို့အတွက် နောက်ထပ် အဆင့်များ -
- စာရွက် အစိမ်း- အကယ်၍ သင်သည် အလုပ်လက်မဲ့ဖြစ်မှုအတွက် နစ်နာကြေးကို လျှောက်ထားပြီးဖြစ်ကာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ၊ အလွတ်တန်း ကန်ထရိုက်တာ၊ ဖျော်ဖြေရေးလုပ်သား စသည်ဖြင့် ဖြစ်ပါက ကျေးဇူးပြု၍ အစိမ်းရောင်စက္ကူပေါ်တွင် IWD ထံမှ သင်ရရှိသောပုံစံကို လျစ်လျူရှုပါ။ ၎င်းသည် ကွန်ပျူတာဖြင့်ထုတ်လုပ်ထားသော စံပြုပုံစံတစ်ခုဖြစ်ပြီး သင့်တောင်းဆိုချက်နှင့် သက်ဆိုင်မှုမရှိပါ။ ဤအချိန်တွင် အပိုဆောင်း ဆောင်ရွက်ရန် မလိုအပ်ပါ။
- အကယ်၍ သင်သည် စာရွက်စာတမ်းများ လုံလောက်စွာ ပေးမထားခဲ့လျှင်
- IWD က သင့်ကို ဖုန်းဖြင့် ဆက်သွယ်ပါလိမ့်မည်။
- အလုပ်လက်မဲ့ နစ်နာကြေး လျှောက်လွှာကို ပြန်လည်သုံးသပ်သည့်အခါ-
- သင်၏တောင်းဆိုချက်ကို အတည်ပြုသည်ဖြစ်စေ၊ ငြင်းပယ်ခြင်းခံရလျှင်ဖြစ်စေ စာတစ်စောင်ကို လက်ခံရရှိမည်ဖြစ်ပြီး သင်၏တောင်းဆိုချက်ကို အတည်ပြုလျှင် အီးမေးလ်တစ်စောင်ကို လက်ခံရရှိမည်ဖြစ်သည်။
- သင်၏တောင်းဆိုချက်ကို အတည်ပြုပါက သင့်အနေဖြင့် 5 ရက်မှ 7 ရက်အတွင်း စတင် ငွေလက်ခံရရှိမည်ဖြစ်သည်။
- သင်၏တောင်းဆိုချက်ကို ငြင်းပယ်ခံရပါက သင့်အနေဖြင့် အယူခံဝင်ရန် ရက်ပေါင်း 60 ရရှိမည် ဖြစ်သည်။
Additional resources:
Unemployment Insurance for Self-Employed Q & A (April 16, 2020)